Wednesday, January 30, 2013
2013 Nissan Sentra SL 1.8
ဂျပန်နိုင်ငံဟာအာရှနိုင်ငံ တွေထဲမှာ စက်မူလုပ်ငန်းအတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် လောက်ကစပြီးတရုတ်နဲ့ ကိုးရီးယားနိုင်ငံတွေကပါ အပြိုင်အဆိုင်စက်မူလုပ်ငန်းတွေမှာတိုးတက်လာကြ ပါတယ်။
စက်မူလုပ်ငန်းတွေမှာအောင်မြင်နေတဲ့ အာရှနိုင်ငံကြီးတွေထဲမှာတော့ ဂျပန် ဟာမော်တော် ကား ထုတ်လုပ်တဲ့ နေရာမှာအအောင်မြင်ဆုံး အာရှနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်အခြေစိုက် Nissan ကုမ္မဏီရဲ့ ၂၀၁၃ ထုတ်လုပ်မူစာရင်းဝင်ကားတစ်စီးကို ဒီတစ်ပါတ် Automobile စာမျက်နှာပေါ် မှာတင်ပြလိုက်ရပါတယ်။ Santra အမည်ရှိတဲ့ Nissan ရဲ့ ၂၀၁၃ ခုနှစ်ထုတ် ကားဟာ နေ့စဉ်လူနေမူ ဘ၀ ကိုသက်တောင့်သက်သာဖြစ်သန်းလိုသူတွေအတွက်သင့် တော်ပါတယ်။ဒီဇိုင်းကလည်းခေတ်လူငယ်ကြိုက် ဖန်စီပုံစံမျိုးမဟုတ်ပဲ ရိုးရိုးသာမန် Sedan ကားတစ်စီး ဒီဇိုင်း နဲ့ ထုတ်လုပ်ထားတဲ့ ကားဖြစ်ပါတယ်။ အမေရိ ကန်နိုင်ငံမှာရောင်းအားသွက်ခဲ့ တဲ့ ကားဖြစ်လို့ အခု၂၀၁၃မော်ဒယ် ကိုလည်း Nissan ကုမ္မဏီဘက်က Santra အတွက်မျှော်လင့်ချက်တစ်စုံတစ်ရာတော့ ရှိမှာသေချာပါတယ်။ ကားရဲ့  အလေးချိန်ကိုအရင်မော် ဒယ်တွေထက်သိသိသာသာလျော့ထား လို့  1.8 L အင်ဂျင်ပါဝါနဲ့ လိုက်အောင်မောင်းနိုင်ပါ တယ်။ သေ သပ်ပြီးစိတ်ချရတဲ့ အခြေအနေ တစ်ခုကိုပေးစွမးနိုင်မယ့်ကားတစ်စီးဖြစ်ပါတယ်။
စွမ်းဆောင်ရည် (Performance)
အင်ဂျင်ပါဝါ 1.8 L (1800CC) V4 အဆင့် ရှိပြီးအော်တိုဂီယာ ၆ချက်ထိုး ကားအမျိုးအစားဖြစ်ပါတယ်။ Sedan အမျိုးအစားကားတွေထဲမှာတော့အင်ဂျင်ပါဝါအသင့်အတင့် ရှိပါတယ်။ မြို့ ထဲမှာပဲအမြဲသွားလာနေ သူတွေအတွက်ဆိုရင်တော့ အဆင်ပြေတဲ့ ကားတစ်စီးဖြစ်ပါတယ်။ အင်၈ျင်ပါဝါနိမ့် တဲ့  luxury ကားတော်တော်များများ ဟာခရီးဝေးသွားဖို့ မသင့်တော်ပါဘူး။ ဇိမ်ခံကားတွေဖြစ်တဲ့ အတွက် အကြမ်းခံမှာ မဟုတ်ပါ ဘူး။ မြင်း ကောင်ရေအား 130 hp အထိမောင်းနှင်နိုင်ပြီး rpm 6000 လောက်၇ှိတာကြောင့် ဆီအုပ် မယ့်ကား တစ်စီးဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်မှာတော့ Sentra အမျိုးအစားက ဆီစားတဲ့ ကားဖြစ် လို့ အရောင်းမ သွက်ပေမယ့် Nissna Brand ဆွဲရှိတဲ့ လူလတ်ပိုင်း အ ရွယ်တွေအ၀ယ်များတဲ့ ကားဖြစ်ပါတယ်။စမ်းသပ်မူပြု လုပ်ထားတဲ့ အဖြေအရ Sentra ဟာ ကားစထွက်ချိန် ကနေ ၉ဒဿမ၂ စက္ကန့် အတွင်း 60 MPHအ ထိမောင်းနိုင်တဲ့ ကားတစ်စီးဖြစ် တာကြောင့် ကားရဲ့ အင် ဂျင်ရုန်းအားကောင်းမွန်တဲ့ ကားတစ်စီးဖြစ်ပါတယ်။ကားရဲ့ အမြင့်ဆုံးအမြန်နှုန်း 118 MPH အထိမောင်းနှင်နိုင်ပြီး ၁မိုင်ရဲ့ လေးပုံတစ်ပုံပမာဏ 81 MPHအမြန်နှုန်းနဲ့ ဆိုရင် ၁၇ ဒဿမ ၂စက္ကန့် အတွင်းမောင်းနှင်နိုင်ပါတယ်။2WD ရှေ့ ယှက်ကားအမျိုးအစားဖြစ်တဲ့ အတွက် rpm 6000ဆိုတဲ့ အားနဲ့ ရုန်းမယ်ဆိုရင်တော့  အမြန်နှုန်းက မဆိုးလှပါဘူး။
အပြင်ပိုင်းဒီဇိုင်း (Exterior)
ကားရဲ့ ကိုယ်ထည် အပြင်အဆင်ဟာကြည့် လိုက်ရုံနဲ့  ရုပ်သန့်  တဲ့ ကားတစ်စီးဖြစ်ပါတယ်။ Aerodynamic ပုံစံအရလေခွင်းအားကောင်ဖို့ အတွက် ကားရဲ့ အရှေ့ ချွန်ထားတာကိုတွေ့ ရပါတယ်။ Sentra ၂၀၁၂ မော်ဒယ်ရဲ့ ပုံစံနဲ့ လုံးဝခွဲထွက်နေတာကိုတွေ့ ရပါတယ်။ ကားရဲ့ ဆွဲ ဆောင်မူ ကတော့ 
အရှေ့ ဘက်က မီးလုံးအကြီးကြီးတွေဖြစ်ပါတယ်။ တောင့် တင်းတဲ့ ကိုယ်ထည်တည်ဆောက်ပုံကိုပိုင်ဆိုင် ထားပြီး ကားရဲ့ ရှေ့ နောက် အလျား ၁၈၂ လက်မ ရှိပြီး အမြင့် ခေါင်မှအောက်ခြေအထိ လက်မ ၆၀ ရှိပါတယ်။Sentra ဟာ ၂၉၁၃ ပေါင်အလေးချိန်ရှိတဲ့ ကားဖြစ်တာနဲ့ အညီ သေ သပ်လှပပြီး ခန့် ထည်တဲ့  ဒီဇိုင်းကိုပိုင်ဆိုင်ထားတဲ့ တံခါးလေးပေါက်နဲ့ ကားတစ်စီးဖြစ်ပါတယ်။
အတွင်းခန်း အပြင်အဆင် (Interior)
ကားရဲ အတွင်းပိုင်းက Luxury type ဖြစ်တဲ့ အတွင်းရှေ့ ခန်း ၃ယောက်နောက်ခန်း၅ယောက်ထိုင်နိုင်တဲ့  အကျယ်အ၀န်းရှိပြီး Leather ထိုင်ခုံတွေကို အသုံးပြုပေးထားပါတယ်။ နောက်ကြည့် ကင်မရာ ၊ Bluetooths နှင့်ချိတ်ပြီး သီချင်းနားထောင်နိုင်တဲ့ audio streaming စနစ်အပြင် လမ်းကြောင်းပြ
GPS Navigation စနစ် တို့ ပါဝင်ပါတယ်။ Nisssan Sentra ရဲ့ အကောင်းမွန်ဆုံးအစိတ်အပိုင်းအဖြစ် အတွင်းခန်းကို အထူးပြုထုတ်လုပ်ပေးထားပါတယ်။ ပြတင်းပေါက်တံခါးလေးချပ်လုံးကို Power Windows
အသုံးပြုပေးထားပြီး အရှေ့ ခန်းကနောက်ခန်းထင်ပိုကျယ်နေပါတယ်။Sound Box အသုံးပြုထားမူကောင်း
မွန်တာကြောင့်  သီချင်းကျယ်ကျယ်ဖွင့်တောင် အက်ကွဲသံမထွက်လာနိုင်ပါဘူး။
လုံခြုံရေးစနစ်(Safety)
ကားရဲ့ အတွင်းပိုင်းမှာရှေ့ ခနိးရောနောက်ခန်းမှာပါ Air Bags ၆လုံးပါဝင်တဲ့ အပြင် ထိုင်ခုံတွေက leather Seats တွေဖြစ်တာ ကြောင့် မတော်တဆတစုံတစ်ရာဖြစ်ခဲ့ ရင်တောင် အသက်ချမ်းသာဖို့ အခွင့်အရေး အ
များကြီးရှိပါတယ်။သဘာဝဓါတ်ငွေ့ အသုံးပြုတဲ့ ကားတစ်စီးဖြစ်တာကြောင့် မီးဘေးအန္တရာယယ်ကအထူးသတိပြုရမှာပါ။
အခြားလုံခြုံေ၇းစနစ်တွေကတော့ ABS စနစ် ဖြစ်တဲ့  ကား ဘရိတ်အုပ်ရာမှာ ချိန်ညှိပေးတဲ့ စနစ်တစ်ခုဖြစ် ပါတယ်။
ဈေးကွက်သုံးသပ်ချက်
Nissan Sentra ဟာ ဈေးကွက်ထဲ ကို ၀င်ရောက်လာတဲ့ ၂၀၁၃ မော်ဒယ်ဖြစ်ပြီး ၀ယ်ယူသူစစ်တမ်းအရ
အများဆုံးလူတ်ပိုင်းတွေဝယ်ကြတယ်လို့ သိရပါတယ်။ပြည်တွင်းမှာတော့ စာရေးသူအနေတော့ ၂ စီး
လောက်သာပြည်တွင်းမှာမြင်ဖူးပါတယ်။သို့ သော်Showroom မှဝယ်ထားခြင်းတော့ မဖြစ်နိုင်။ ကိုယ်တိုင်
သွင်းထားခြင်း သာ ဖြစ်နိုင်ပါတယ်။ ပြည်တွင်းဈေးကွက်အနေအထားအရအ၀ယ်မလိုက်နိုင် သည့် ကား အမျိုးအစားတစ်ခုကိုshowroom တွေကငွေအသေခံပြီးတင်ထားမှာတော့ မဟုတ်ပါဘူး။ Sentra ဟာပြည် ပမှာ online မှဝယ်ယူပါက ဒေါ်လာ ၁၉၈၂၀ ခန့် ရှိနိုင်ပြီး ပြည်တွင်းကို တင်သွင်းမယ်ဆိုရင်တော့ ခန့်  မှန်းဈေး သိန်း၂၉၀ လောက်တော့ ရှိနိုင်ပါတယ်။Sedan ကားတွေထဲမှာမှ သပ်သပ်ရပ်ရပ်နဲ့ ဂုဏ်ရှိတဲ့ ပုံ
ပေါက်တဲ့ Sentra ဟာ ပြည်တွင်းမှာရှိတဲ့ လမ်းတွေနဲ့ ပါအဆင်ပြေနိုင်တာကြောင့် အရွေးမှားနိုင် တဲ့ ကား တစ်စီးဖြစ်ပါတယ်။
သျှမ်းထက် (DL Tech Club)
Subscribe to:
Post Comments (Atom)

No comments:
Post a Comment