လွန်ခဲ့သည့်(၂) နှစ်တာကာလအတွင်းကAnonymousဟက်ကာအဖွဲ့နှင့်ဆက်စပ်သည့်ကမ္ဘာတစ်လွှားရှိ လူပေါင်း၉၀ခန့်အဖမ်းခံခဲ့ရသည်။သို့သော်Anonymousနှင့်ဆက်စပ်သည်ဆိုသော်လည်းတိုက်ရိုက်တော့မဟုတ်။
သွယ်ဝိုက်၍သာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်အဖမ်းခံခဲ့ရသည့်သူများကားLulzsecဆိုသည့်Anonymousဟက်ကာအဖွဲ့ကြီးလက်အောက်ခံ
အဖွဲ့ခွဲတစ်ဖွဲ့ဖြစ်သောကြောင့်ပင်စီးပွားရေးအတွက် လုပ်ကိုင်နေသည့်Websiteများအားဖျက်လိုဖျက်ဆီးပြုလုပ်မှု၊အရေးကြီးဒေတာများအားခိုးယူမှု၊အစိုးရ၏Website များအားရည်ရွယ်ချက်ထားတိုက်ခိုက်မှုစသည့်စွဲချက်များဖြင့်အဆိုပါLulzsecအဖွဲ့အဖမ်းခံခဲ့ရသည်။နောက်ပိုင်း
တွင်သူတို့ကFBI၏သတင်းပေးများဖြစ်လာခဲ့သည်။
ထိုသို့ဖြစ်မလာခင်ကတော့သူတို့တိုက်ခဲ့ကြသည်။အပျော်တမ်းတော့မဟုတ်အကွက်ချစီမံ၍ရည်ရွယ်ချက်ရှိရှိအွန်
လိုင်းထိုးနှက်တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သွယ်ဝိုက်၍သာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်အဖမ်းခံခဲ့ရသည့်သူများကားLulzsecဆိုသည့်Anonymousဟက်ကာအဖွဲ့ကြီးလက်အောက်ခံ
အဖွဲ့ခွဲတစ်ဖွဲ့ဖြစ်သောကြောင့်ပင်စီးပွားရေးအတွက် လုပ်ကိုင်နေသည့်Websiteများအားဖျက်လိုဖျက်ဆီးပြုလုပ်မှု၊အရေးကြီးဒေတာများအားခိုးယူမှု၊အစိုးရ၏Website များအားရည်ရွယ်ချက်ထားတိုက်ခိုက်မှုစသည့်စွဲချက်များဖြင့်အဆိုပါLulzsecအဖွဲ့အဖမ်းခံခဲ့ရသည်။နောက်ပိုင်း
တွင်သူတို့ကFBI၏သတင်းပေးများဖြစ်လာခဲ့သည်။
ထိုသို့ဖြစ်မလာခင်ကတော့သူတို့တိုက်ခဲ့ကြသည်။အပျော်တမ်းတော့မဟုတ်အကွက်ချစီမံ၍ရည်ရွယ်ချက်ရှိရှိအွန်
လိုင်းထိုးနှက်တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကွန်ပျူတာနှင့်ဟက်ကာ
ကွန်ပျူတာများစတင်ခေတ်စားလာချိန်မှစ၍
ဟက်ကာများပေါ်ထွန်းခဲ့သည်။ အမှန်တကယ် တော့ သူတို့ကြောင့်လည်းနည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုများရှိခဲ့သည်ဟုဆိုရမည်ဖြစ်သည်။ Google, Apple, Microsoft, Facebook နှင့် အခြားသော ကွန်ပျူတာနည်းပညာရပ်ဆိုင်ရာ
နာမည်ကြီး ကုမ္ပဏီများသည် သူတို့၏တီထွင်ဥာဏ်၊ ထိုးထွင်းဉဏ်၊ ဆန်းသစ်နိုင်စွမ်းတို့ကိုမှီကာ
ခေါင်းထောင် လာနိုင်ခဲ့ခြင်းဖြစ်သည်။ Steve Jobs နှင့် SteveWozniak တို့ ငယ်ငယ်ရွယ်ရွယ်ကျောင်းသား
လူငယ်ဘ၀မှာပင် နာမည်ကြီးခဲ့ကြသည်။ နာမည်ကောင်းနှင့်တော့မဟုတ်။ အမေရိကန်ကုမ္ပဏီတို့၏
ဖုန်းလိုင်းစနစ်ကိုလှည့်စားနိုင်သည့်ဟက်ကင်းဆိုင်ရာကိရိယာများကို ရောင်းချခြင်းဖြင့်နာမည်ကြီး
ခဲ့ခြင်းဖြစ်သည်။ အဆိုပါကိရိယာက နယ်ခြားပယ်ခြားအလှမ်းဝေးသည့်ဒေသများသို့ ဖုန်းနှင့်ဆက်
သွယ်ပြောဆိုရာတွင် တစ်ပြားမှမကုန်ဘဲအလကားပြောခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
သေသေချာချာပြောရလျှင် ဟက်ကာတိုင်းသည် လူကောင်းများတော့မဟုတ်။ သူတို့၏
ကျွမ်းကျင်မှုကို တလွဲအသုံးချ၍ လူသားတို့ဘ၀ကမောက်ကမဖြစ်အောင် လုပ်နိုင်စွမ်းရှိသည်။
ပုဂ်္ဂိုလ်ရေးဆိုင်ရာ အရေးကြီးဒေတာများကို ခိုးယူနိုင်စွမ်းရှိသည်။ သူတို့ကြောင့်ပင်
ကွန်ပျူတာအတွင်း အတားအဆီး အကွယ်အကွယ်ရစေရန် Firewalls နှင့် ဗိုင်းရပ်စ်ရှာဖွေပေးသည့်
Virus Scsnner များကို ထည့်သွင်းထားရသည်။ သူတို့ကြောင့်ပင် ကျွန်တော်တို့မဟုတ်မမှန်
e-mails များ၊ worms များ၊ botnets များနှင့် နပန်းလုံးရသည်။ သူတို့ကြောင့်ပင် ကျွန်ုပ်တို့အွန်လိုင်း Social Engineering အကြား ချာချာလည်ကာ အရေးကြီးဒေတာများဆုံးရှုံးရသည်။ သူတို့ကြောင့်ပင်ကျွန်တော်တို့
စိတ်ဆင်းရဲခဲ့ ကြပေသည်။
သူတို့၏လုပ်ရပ်ကို သဘောကျကိုးကွယ်သူတွေလည်း ရှိသည်။ အပြစ်မြင်
ရွံ့မုန်းသူများလည်း ရှိသည်။ ထူးခြားသည်ကတော့သူတို့ကြောင့်ပင် ခေတ်သစ်ဆန်္ဒပြလှုပ်ရှားမှုပေါ်ပေါက်လာသည်ဟု
ဆိုနိုင်မည်ဖြစ်သည်။ ယခင်ကဲ့သို့ ပိုစတာတွေကိုင်၊ ဆန္ဒထုတ်ဖော် စာတန်းတွေကိုကိုင်ကာ
သံရုံးတွေ ရှေ့ တဝှေ့ဝှေ့တရမ်းရမ်းနှင့် ဆူဆူညံညံဆန္ဒပြမှုမျိုး သူတို့မလုပ်။ ထိုအစား
ပိုမိုထိရောက်မှုရှိသည်ဟု ယူဆနိုင်သော ဆိုက်ဘာတိုက်ခိုက်မှုမျိုးကို သူတို့ပြုလုပ်ကြသည်။
ကွန်ပျူတာရှေ့က ကီးဘုတ်နှင့် မောက်စ်၊ မော်နီတာနှင့် အင်တာနက် ကွန်ရက်တို့က သူတို့၏
ဆန္ဒထုတ်ဖော် ပိုစတာ၊ စာသားများပင် ဖြစ်ပေတော့သည်။
စကားလုံး၏ရင်းမြစ်
Hacktvisit ဆိုသည့်စကားလုံးမှာ hacker နှင့် activist ဆိုသည့် စကားလုံးနှစ်လုံး ပေါင်းစပ် ထားခြင်းဖြစ်သည်။
၁၉၉၆ ခုနှစ်အတွင်း ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်
ဟက်ကာတို့အား ရည်ညွှန်းရာ၌ အဆိုပါစကားလုံးကို အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ဟက်ကာတို့၏
နောက် ကွယ်၌လည်း နိုင်ငံရေးဆိုင်ရာ လျှို့ဝှက်အစီအမံများရှိခဲ့ကြသည်။ အမှန်တကယ်တော့
အဆိုပါစကား လုံးသည် ၁၉၈၉ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် နိုင်ငံရေးပယောဂနှင့်မကင်းသော
ဆိုက်ဘာတိုက်ခိုက် မှုများဖြစ်ပွားခဲ့ချိန်မှစ၍ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။
Hacktvisitm ဆိုသည့် ဟက်ကင်းတက်ကြွလှုပ်ရှားမှုဝါဒခေါင်းထောင်ထချိန်တွင်
နိုင်ငံရေး ဆိုင်ရာ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် စတင်ခဲ့ခြင်းဖြစ်သည်။ အရှေ့တီမောအရေးနှင့်ပတ်သက်၍
အင်ဒို နီးရှားနို်င်ငံအစိုးရကို ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ မက္ကဆီကိုရှိ Acteal Massacre ဒေသ၌ တရားမဲ့သတ်ဖြတ်ခြင်းခံခဲ့ရသောသူတို့အားရည်စူး၍ အွန်လိုင်းတိုက်ခိုက်မှုတသီတတန်းကြီး
ပြုလုပ် ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင်မူ သူတို့တပ်ဆင်လေ့ရှိသည့် Guy Fawkes မျက်နှာဖုံးအားကိုယ်စားပြု၍
ဂိုင်းဖောကီးစ်နေ့ဟုကြွေးကြော်ကာ ဂရိတ်ဗြိတိန်၏မှုခင်းတိုက်ဖျက်ရေး ဥပဒေမူကြမ်းကိုအွန်လိုင်း
တိုက်ခိုက်မှုများဖြင့် ဆန့်ကျင်ဆန်္ဒပြခဲ့ကြသည်။ ထိုတိုက်ခိုက်မှုကြောင့်ပင် အစိုးရ၏တရားဝင်Websites များတစ်ပတ်လုံးလိုလိုအလုပ်မတွင်ခရီးမရောက်ဖြစ်ခဲ့ရသည်။
ဟက်ကင်းလှုပ်ရှားမှုဝါဒီတို့၏ အဓိကအသုံးချသည့် တိုက်ခိုက်မှုမှာ Distributed Denial of Service (DDoS) တိုက်ခိုက်မှုပင်ဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုက
ဟက်ကာတို့၏ပစ်မှတ်ဆာဗာကို page request ပေါင်း ထောင်ပေါင်းများစွာပို့လွှတ်၍ အလုပ်ရှုပ်ဝိတ်ပိစေကာ
website တစ်ခုလုံးကို ဆက်လက် မ ran စေခြင်းငှာမတတ်နိုင်ဘဲ လည်ပတ်လုပ်ဆောင်နေသည့်လုပ်ငန်းများ
ရပ်တန့်သွား စေသည်အထိ တိုက်ခိုက်ခြင်းပင်ဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုများက ဆာဗာများရှိဒေတာများကို
ဖျက်လိုဖျက်ဆီး ပြုလုပ်ကြသည်တော့မဟုတ်။ သို့သော် နေ့စဉ်လည်ပတ်လုပ်ဆောင်နေသည့် Websites များ၏ ဆောင်ရွက်မှုလုပ်ငန်းစဉ်များကိုရပ်တန့်စေကာ Website ပိုင်ရှင်များ၊ အစိုးရစသည် တို့၏အကျိုးစီးပွားကိုထိခိုက်စေခြင်းဖြစ်သည်။
Annonymous ကြေညာချက်
နိုင်ငံရေးနှင့်မဆိုင်၊
တစ်မျိုးတစ်ဘာသာ စိန်ခေါ်တိုက်ခိုက်မှု အနေနှင့် ၂၀၀၈ ခုနှစ်အတွင်း Anonymous အဖွဲ့က YouTube မှတစ်ဆင့် ဗွီဒီယိုတစ်ခုလွှင့်တင်ကာ
သိပ္ပံဝါဒီကျောင်းတော်အပေါ် တရားဝင်အွန်လိုင်းစစ်ပွဲကြေညာမှုပြုလုပ်ခဲ့သည်။
Anonymous နှင့် သိပ်္ပံဝါဒီကျောင်းတော်တို့အကြား
ပဋိပက္ခပြင်းထန်မှုဖြစ်လာသည်ကတော့ တွမ်ခရုဇ်၏ရုပ်ရှင်ဇာတ်ကားတစ်ကား အွန်လိုင်းပေါ်သို့တရားမ၀င်ရောက်ရှိသွားသည်မှ
အစပြုခဲ့ သည်။ ထို့ကဲ့သို့ web ပေါ် ဗွီဒီယိုရောက်ရှိသွားကြောင်းသိသည်နှင့်
ကျောင်းတော်၏ တရားဥပဒေ ဆိုင်ရာအဖွဲ့ကကန့်ကွက်ကြောင်း တရားဝင်ကြေညာချက်ထုတ်ကာ ဗွီဒီယိုအားလက်ခံထားသည့်
website အားလုံး အဆိုပါဗွီဒီယိုကိုဖယ်ရှားပေးရန်
အတင်းအကျပ်ဖိအားပေးမှု ပြုလုပ်ခဲ့သည်။
ထိုအချက်ကား Anonymous ဟက်ကာအဖွဲ့က အမြတ်တနိုးတန်ဖိုးထားသည့် ““လွတ်လပ်
စွာပြောဆိုခွင့်နှင့်ဆင်ဆာကင်းမဲ့ရေးမူ”ကိုထိခိုက်စေခဲ့ခြင်းပင်ဖြစ်သည်။
Anonymous အဖွဲ့၏ လွှင့်တင်ထားသောဗွီဒီယိုအရ
သူတို့သည်သိပ္ပံဝါဒတစ်ခုလုံးကို လူသား ထုကောင်းကျိုးအတွက် ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း
ကြေညာသည့်ဆိုလိုရင်းဖြစ်သည်။ အဆိုပါ ကြေ ညာချက်အတိုင်းပင် DDoS တိုက်ခိုက်မှု၊ ဖုန်းလိုင်းမှတစ်ဆင့် တိုက်ခိုက်မှုများကိုပြုလုပ်ကာ သိ
ပ္ပံဝါဒီကျောင်းတော်အပေါ် ဆန့်ကျင်ကန့်ကွက်ဆန်္ဒပြမှုများဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
ကမ္ဘာတလွှားထင်ရှားသည့် မြို့ကြီးများတွင်ရှိနေသော Guy Fawkes မျက်နှာဖုံးတပ်ဆင်သူများ ၁၀,၀၀၀ ကျော်ကျော် လမ်းပေါ်တွင်မတ်တပ်ရပ်ကာ ဆန်္ဒပြမှုများပြုလုပ်ခဲ့ကြသည်။
ဟက်ကင်း တက်ကြွလှုပ်ရှားသူတို့ နည်းပညာပစ္စည်းတို့နှင့်ပြည့်နှက်နေသည့် သူတို့၏အိမ်ခန်းနှင့်
မြေအောက်ခန်း တို့မှထွက်၍ ဆန်္ဒပြခဲ့ကြခြင်းလည်းဖြစ်သည်။ သူတို့တပ်ဆင်သည့်မျက်နှာဖုံးသည်ကား
ပရိုတက်စတင့် ဘာသာပြန့်ပွားလာမည်ကို တားဆီးကာကွယ်ခဲ့ကြသည့် ရိုမန်ကက်သလစ်တို့အကြောင်း
ရိုက်ကူးထား သော V for Vendetta ဇာတ်ကား၌ ရိုမန်ကက်သလစ်ဘာသာဝင်တို့တပ်ဆင်သော
မျက်နှာဖုံးပင် ဖြစ်သည်။
Anonymous ၏ ဆိုက်ဘာတိုက်ခိုက်မှုများနှင့်
ပတ်သက် ၍ ““Anonymous အဖွဲ့မတိုင်ခင် အရင်တုန်းကတော့
သိပ္ပံဝါဒီကျောင်းတော်အပေါ် ဝေဖန်ရေးသားမိတဲ့ ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ၊ ဝေဖန်ရေးဆရာတွေဟာ
တရားတဘောင်တွေနဲ့ အမြဲရင်ဆိုင်ရပါတယ်။ ဒါကြောင့် ဝေဖန်ရေးသားမှု ပြုလုပ်တော့မယ်ဆိုရင်သတိကြီးကြီးထားရပါတယ်။
အစိုးရတို့အကြောင်းဖော်ကောင် WikiLeaks
၂၀၁၀ခုနှစ်အတွင်း
အစိုးရတို့၏ လျှို့ဝှက်သတင်းများအားဖော်ထုတ်ဖွင့်ချမှုတစ်ခုကို Wikileaks Website က ပြုလုပ်ခဲ့သည်။ အဓိကအားဖြင့် အမေရိကန်နှင့်သူ၏မိတ်ဖက်နိုင်ငံများ
အကြားရှိသည့် အတွင်းရေးအသေးစိတ်ကို ဖွင့်ချဖော်ထုတ်လိုက်ခြင်းလည်းဖြစ်သည်။ အဆိုပါလုပ်ဆောင်မှုကို
တုံ့ပြန်သည့်အနေဖြင့် အမေရိကန် အစိုးရက Amazon, PayPal Visa နှင့် Mastercard စသည့် အွန်လိုင်းငွေပေးချေမှုဆောင်ရွက်ပေးသောကုမ္ပဏီကြီးများကိုဖိအားပေးကာ
ယင်းတို့၏၀န်ဆောင် မှုများ Wikileaks အပေါ် သက်ရောက်မှုမရှိစေရန် ကြိုးပမ်းခဲ့သည်။ ရလဒ်အနေဖြင့်
Wikileaks က အဆိုပါကုမ္ပဏီကြီးများထံမှ ငွေကြေးတစ်စုံတစ်ရာထုတ်ယူမှုမပြုလုပ်နိုင်တော့ဘဲ
Website အတွက် ငွေရင်းနှီးမြှုပ်နှံမှုများနစ်နာဆုံးရှုံးခဲ့ရသည်။
ထိုအချက်ကို Anonymous က အမှန်တရားအား ဖုံးကွယ်မှု၊ ဖော်ထုတ်သူတို့အား နစ်နာ စေမှုဟုရှုမြင်သည်။
ထိုရှုမြင်ချက်အတိုင်း ပင် Low Orbit Ion Cannon ဆိုသည့် DDoS တိုက်ခိုက်မှု အထောက်အကူပြုပရိုဂရမ်ကို အသုံးချကာ WikiLeaks အား ငွေရေးကြေးရေး အကျပ်အတည်း ဖြစ် စေခဲ့သည့်ကုမ္ပဏီကြီးများကိုတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့်ပင် အွန်လိုင်းငွေပေးချေမှုအား
ဝန်ဆောင်မှုပေးနေသည့် ကုမ်္ပဏီကြီးများ အထိနာခဲ့ကြသည်။ PayPal က ပေါင်စတာလင်ငွေ
၃.၅ သိန်း ဆုံးရှုံးခဲ့ရကြောင်း ကြေညာခဲ့သည်။ ထို့ နောက်ပိုင်းတွင် WikiLeaks အတွက် ထိန်းသိမ်းထားသည့်ရန်ပုံငွေများကို
ပြန်လည်ထုတ်ပေးခဲ့သည်။ သို့သော် WikiLeaks အတွက်တော့ မဟုတ်ခဲ့ပေ။ Anonymous အဖွဲ့၏ အဆိုပါတိုက်ခိုက်မှုက
FBI Interpo နှင့် အခြားသော အစိုးရအဖွဲ့အစည်းများအပေါ်
သက် ရောက်မှု ကြီးကြီးမားမားရှိခဲ့သည်။ ထိုသက်ရောက်မှုကို ပြန်လည်တုံ့ပြန်နိုင်ရန်အတွက်ပင်
Jester ဆိုသည့် အစိုးရဘက်တော်သား
ဟက် ကာတစ်ဦးကို မွေးထုတ်ခဲ့ကြသည်။ အဆိုပါ Jester အမည်ခံ အမေရိကန်စစ်မှုထမ်းဟောင်း တစ်ဖြစ်လဲ ယခုကွန်ပျူတာဟက်ကာတစ်ဦး
ဖြစ်သူက အမေရိကန်အစိုးရဆန့်ကျင် websites များနှင့် ယင်းတို့နှင့်
ဆက်နွှယ်နေသည့်အကြမ်းဖက်သမားတို့ (ဥပမာ-တာလီဘန်) ၏ အွန်လိုင်းစာမျက်နှာများ ကို တိုက်ခိုက်ခဲ့သည်။
ထို့ပြင် ယင်း၏ မူလရည်မှန်းချက်အရ WikiLeaks အား DDoS ထိုးနှက်မှုဖြင့် တိုက်ခိုက်၍ Anonymous နှင့် ဘက်ပြိုင်ကာ
ဆိုက်ဘာတိုက်ပွဲဆင်နွှဲခဲ့တော့သည်။
ဟက်ကာတို့၏ခေတ်
ယခုကဲ့သို့ နည်းပညာအပြောင်းအလဲမြန်ဆန်လှသည့်ခေတ်တွင်
ဟက်ကင်းအရေး တက်ကြွ လှုပ်ရှားမှုဝါဒီတို့သည် ၀င့်ဝင့်ထည်ထည် မော်မော်ကြွားကြွားဖြစ်လျက်ရှိသည်။
ကိုးကွယ်သူ ကိုးကွယ်၊ ယုံကြည်သူယုံကြည်နှင့် အိုင်တီခေတ်၏အကောင်းဆုံးအချိန်ကို ပိုင်ဆိုင်ထားကြသည်။
သာဓကအား ဖြင့် တူနီးရှားအစိုးရကသာ WikiLeaks နှင့် Facebook တို့အား ပြည်သူတို့၏အသုံးပြုမှုကို
မပိတ် ပင်ခဲ့လျှင်၊ Facebook ပေါ်ရှိ အစိုးရအားဝေဖန်ရှုတ်ချဆန့်ကျင်သည့် မှတ်ချက်ပြုပြောစကားများအား
သူတို့စိတ်ကြိုက်ဖယ်ရှားမှုမပြုလုပ်ခဲ့လျှင် ယင်းတို့၏အကျ ယခုထက်ပိုသက်သာခဲ့ပေလိမ့်မည်။
ထိုကဲ့ သို့မဟုတ်ခဲ့သောကြောင့်ပင် Anonymous အဖွဲ့များနှင့် ယင်းနှင့်ဆက်နွှယ်သည့် Tlelcomix အဖွဲ့ ၀င်များ၏
အစိုးရ websites များအား တိုက်ခိုက်ခြင်း၊ အွန်လိုင်းပေါ်တွင် အစိုးရ၏ထောက်လှမ်းမှုအား
ရှောင်ရှားနိုင်စေရန် တူနီးရှားသားများအား
tools များပံ့ပိုးပေးခြင်း၊
တူနီးရှားသမ္မတ၏ website အား တိုက်ခိုက်ထိုးဖောက်ခြင်း၊
ရရှိလာသည့် အရေးကြီးဒေတာများကျွှိုငုငူနျေု သို့ပေးပို့ခြင်း စသည့် လုပ်ဆောင်ချက်များကို
တူနီးရှားအစိုးရလက်ပိုက်ကြည့်နေခဲ့ရကာ လူမှုကွန်ရက် websites များမှ တစ်ဆင့်
ပြန့်ကားကြီးထွားလာသည့် လူထုဆန်္ဒအားကိုမတွန်းလှန်နိုင်ဘဲဒယီးဒယိုင်နှင့် ပြုတ်ကျခဲ့
ရခြင်းဖြစ်သည်။
တူနီးရှားအစိုးရပြုတ်ကျပြီးနောက်ပိုင်း Anonymous အဖွဲ့ဝင်တစ်ဦး
ဖြစ် သည့် Homocarnula က တူနီးရှားသားတို့၏
တွန်းလှန်အောင်မြင်မှုနှင့်ပတ်သက်၍ “သူတို့က ကျွန်တော်တို့ကို ကျေးဇူး တင်ကြောင်း ဗွီဒီယိုဖိုင်တစ်ဖိုင်ပို့လာပါတယ်။
မျက်နှာဖုံးကိုကိုင်ပြီး ကျွန်တော်တို့သာသူတို့အနားမှာ ရှိခဲ့ကြောင်းကို ကျေးဇူးတင်တဲ့အကြောင်း
ပြောခဲ့တာပါ။ ဒီလိုကြားရတာ ၀မ်းသာစရာပါပဲ”ဟု ပြောဆိုခဲ့သည်။
အဆိုပါအာရပ်နွေဦးတော်လှန်ရေး တူနီးရှားတွင်အောင်မြင်မှုက
အီဂျစ်ပြည်သားတို့အတွက် အားပေးမှုများဖြစ်ခဲ့သည်။ အာဏာရှင်အစိုးရ၏လက်အောက်တွင် ကြာရှည်စွာမနေလိုတော့၍
တော် လှန်ရန်ပြင်ဆင်နေကြသည့်အီဂျစ်သားတို့အား အင်တာနက်အသုံးပြုနိုင်မှုနှင့် လူမှုကွန်ရက်
websites များအား အသုံးပြုမှုတို့ကိုတစ်ဖက်သတ်ပိတ်ပင်တားဆီးမှု ပြုလုပ်လိုက်သည့်အခါတွင် တော်လှန်ရေး အား အရှိန်မြှင့်ပေးလိုက်သကဲ့သို့
ဖြစ်ခဲ့သည်။ တစ်ခဏတော့ အီဂျစ်သားတို့အွန်လိုင်းဆက်သွယ်ရေး အခက်တွေ့ခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် Anonymous နှင့် Telecomix အဖွဲ့တို့၏ ကြိုးပမ်း ပေးမှုဖြင့် dial-up connection များ ချိတ်ဆက်ကာ အွန်လိုင်းဆက်သွယ်မှုရခဲ့ကြသည်။ SSL Keys အား မည်သို့အသုံးပြုနိုင်သည်ကို သိလာကြသည်။ နောက်ဆုံးမှာတော့
အစိုးရ၏ websites များကိုပင် ယင်းတို့ကိုယ်တိုင်
DDoS ဖြင့် မည်သို့တိုက်ခိုက်နိုင်မည်ကို
သိသွားခဲ့ကြသည်။ အားလုံးသိခဲ့ကြသည့် အတိုင်းပင်
အဆိုပါအွန်လိုင်းတိုက်ခိုက်မှုများက အီဂျစ်၏အာဏာရှင် သမ္မတမူဘာရက် ဖြုတ်ချခံနိုင်ရန်
တစ်ဖက်တစ်လမ်းမှထိရောက်စွာလမ်းကြောင်းပေးနိုင်ခဲ့လေသည်။
ယခုလည်းလာပြန်ချေပြီ။ ဆီးရီးယား၏အာဏာရှင်
သမ္မတဘာရှားအာဆတ်က ဆီးရီးယား နိုင်ငံတစ်ဝန်း အင်တာနက်ဆက်သွယ်မှုများနှင့် လူမှုကွန်ရက်အသုံးပြုနိုင်ခွင့်များကို
ပိတ်ပင်တား ဆီးခဲ့ပြီဖြစ်သည်။ အဆိုပါလုပ်ရပ်က ဟက်ကင်းအရေးတက်ကြွလှုပ်ရှားမှုဝါဒီတို့
ဆီးရီးယားနိုင်ငံ အရေးအခင်းတွင်ပါဝင်လာနိုင်မည့်လမ်းစပင်ဖြစ်သည်။၊
အောင်ဇော် ( DL Tech Club )
အောင်ဇော် ( DL Tech Club )


No comments:
Post a Comment