Wednesday, January 9, 2013
၁၅သိန်းတန်ဖုန်းများကို လဲလှယ်ပေး၍ငွေပြန်အမ်းမည်ဟု သတင်း များ ထွက်ပေါ်......
မြန်မာ့ ဆက်သွယ်ရေးမှယခင်ကချထားပေးသည့် ၁၅သိန်းတန်ဆင်း ကတ်များကိုယခုထွက်ရှိလာမည့်3Gစနစ်သုံးဖုန်းများထွက်ပေါ်လာချိန်တွင်ယင်းဖုန်းများနှင့်လဲလှယ်ပေးမည်ဟုသတင်းများထွက်ပေါ်လျက်ရှိကြောင်း သိရသည်။အဆိုပါ ၁၅ သိန်းတန်ဖုန်းများသည် 2.5 G အဆင့်မှာ သာကျန် ရစ်ခဲ့ မည့် ဖုန်းများဖြစ်ပြီး ဆက်လက်ထွက်ပေါ်လာမည့် 3G စနစ်ကိုမရရှိပါ။
ယင်းကဲ့သို့  မရရှိနိုင်တော့သည့် အတွက် 2G ဖုန်းများနှင့် 3G ဖုန်း စနစ် သို့ ပြောင်းလဲပေးရန် စီစဉ်ခြင်းသာဖြစ်ကြောင်း အွန်လိုင်း စာမျက်နှာ တစ် ချို့ တွင်သိရသည်။ပြည်တွင်းအသုံးပြုလျက်ရှိသောဖုန်းများမှာ ယခုလက်ရှိ အသုံးပြု လျက်ရှိသောဖုန်းများမှာ WCDMA / CDMA 800 မှလွဲ၍ ကျန်ဖုန်းများမှာ 2G Network အဆင့် သာရှိသောဖုန်းများဖြစ်ပြီး အင်တာ နက်အမြန်နှန်းမှာ လည်းလေးလံလျက်ရှိနေကြောင်း အသုံးပြုသူများ၏ပြောချက်အရသိရသည်။ အင်တာနက်လိုင်းနှေးကွေးမူများသာမက မိုဘိုင်းလ်ဒေတာကောက်ခံမူများပါ ကြီးမြင့်နေခြင်းကြောင့် မိုဘိုင်းလ်ဖုန်းဖြင်အင်တာနက်သုံးစွဲသူများအခက်တွေလျက်ရှိသည်။လာမည့်လအနည်းငယ်တွင်ရောင်းချပေးတော့မည်ဖြစ်သည့် 3G စနစ် ဖုန်းများကို ပြည်ပကုမ္မဏီများဖြစ်သည့် ZTE ၊ Huawei ကုမ္မဏီများနှင့်ပါ ပူးပေါင်းဆောင်ရွက်မည်ဟုသိရသည့်အတွက် မိုဘိုင်းလ်အင် တာနက်လိုင်း များပိုမိုကောင်းမွန်နိုင်ကြောင်း MPT မှ တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ သိရပါသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment