Sunday, January 20, 2013

Facebook Messenger မှ တဆင့် ဖုန်းအခမဲ့ ခေါ်ဆိုနိုင်တော့မည်။



နေ့ စဉ်အသုံးပြုနေသောfacebookပေါ်မှတဆင့် ဖုန်းအခမဲ့ ခေါ်ဆိုနိုင်သောစနစ်ကိုကမ္ဘာအ၀ှမ်းခေါ်ဆိုနိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။
ယခုအခါတွင်အမေရိကန်နိုင်ငံရှိ IOS အသုံးပြုသော I Phone များ၏င်္ facebook Messenger App ပေါ်တွင်အဆိုပါ စနစ်ကို စတင် အသုံး ပြုနေပြီဖြစ်ကြောင်းသိရပါသည်။
အခြား OS များဖြစ်သောAndroid ၊ Blackberry ၏ BB OS စသော OS များတွင်ပါ အသုံးပြုနိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်းသိရပါသည်။I OS ပေါ်တွင် အသုံပြု ရာ၌လည်း ယခုအသုံးပြုနေသော Messenger တွင်ခေါ်ဆိုလိုသော Contact ကို နှိပ်ပြီး Conversation ပေါ်လာပါက အပေါ်ဒေါင့် ရှိ 'i' ဆိုသော နေရာကိုနှိပ်ပြီး အခမဲ့ အမေရိကန်နိုင်ငံတွင်စတင် ဖုန်းခေါ်ဆိုနိုင်နေပြီဖြစ်ကြောင်းသိရပါသည်။Facebook အနေဖြင့် ယင်းကဲ့သို့  အခမဲ့ ဖုန်းခေါ်ဆိုသောစနစ်ကိုပြုလုပ်ရခြင်းမှာ Skype သည် Facebook ၏ ပြိုင်ဖက်ဖြစ်မလာနိုင်ရန် ကြိုတင် အသာစီးယူထားခြင်းဖြစ်သည်။ အာရှနိုင် ငံများသို့ မည် သည့် ကာလတွင်ရရှိအောင်ပြုလုပ်ပေးသွားမည် ကိုfacebookက မည် သို့ မျှမပြောဆိုခဲ့ ပေ။အမေရိကန်ရောက်မြန်မာပြည်သူများအနေဖြင့်အသုံးပြုလိုပါက Face book Messenger ကို ဤနေရာတွင်ဒေါင်းလုပ် ရယူနိုင်ပါသည်။

Facebook Messenger ကို I Tune Store မှရယူရန်

သျှမ်းထက် (DL Tech Club )

No comments:

Post a Comment