HTC ကမြန်မာပြည်ကို ပထမဦးဆုံးစတင်ဝင်ရောက်ချိန်မှာဈေးနှုန်းသတ်မှတ်ပြီးInternational Market မှာ မရောင်းချခင် မြန်မာပြည်ကို ပထမဦးဆုံးစတင်ရောင်းချပေးခဲတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ် ။ HTC Butterfly ကိုပြည်တွင်းမှာ ကျပ်၅သိန်း၉သောင်း နဲ့ ဈေးဖွင့်ပေးပြီးရောင်းချပေးနေပါတယ်။ ဒီဇိုင်းအားဖြင့် တော့  အရင်HTCဖုန်းတွေထက်သိပ်မထူးပေမယ့်  အတွင်းမှာပါဝင်တဲ့  Specification ကတော့ သူရဲ့ ဆွဲဆောင် မူတစ်ခုဖြစ်နေပါတယ်။ 1.5 GHz Snapdragon S4 quad core CPU ကိုအသုံးပြုပေးထားပြီး ရုပ်ထွက် ကောင်းကောင်းနဲ့ Games ကစားနိုင်ဖို့ Andreno 320 GPU အသုံးပြုပေးထားပါတယ်။
အနောက်ကင်မရာ 8 megapixel ပါဝင်ပြီး RAM 2 GB ၊ အတွင်းမှတ်ဥာဏ် 16 GB နဲ့ 32 GB နဲ့ အထက်အထိအသုံးပြုနိုင်တဲ့ Micro SD Slot တစ်ခုပါဝင်ပါတယ်။ Wfi ၊ Bluetooth ၊GPS နဲ့ NFC တို့ ကတော့ ထုံးစံအတိုင်းပါဝင်နေပေမယ့် ဒီဖုန်းရဲ့ ထူးခြားချက်တွေကတော့ အရှေ့  ကင်မရာ 2.1 megapixel ပါဝင်ခြင်း ၊ Screen resolution 1920 x 1080 အသုံးပြုထားပြီး Super LCD 3 နဲ့ Gorilla Glass 2 အမျိုးအစားနောက်ဆုံးပေါ်ဖန်သားပြင်တွေကိုအသုံးပြုထားခြင်း ၊ မြန်မာ ဘာသာ နဲ့ ပထမဦးဆုံး ထုတ်လုပ်ပေးတဲ့ ကမ္ဘာကောင်းဆုံးစာရင်းဝင်စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ ဘက်ထရီ ကတော့ 2020 mAh ပါဝင်တာကြောင့် အသင့် အတင့် အသုံးခံမှာဖြစ်ပေ မယ့် ဘက်ထ ရီဖြုတ် လဲ လို့ မရတာကတော့  သိပ်အဆင်မပြေလှပါဘူး။
Source -- HTC Butterfly
Shan Htet
(DL Tech Club)

No comments:
Post a Comment