Samsung ကုမ္မဏီရဲ့ Galaxy S IV တွင်အသုံးပြုမည်ဟုသတင်းကြီးလျက်ရှိသောExynos 5 'Octa' Chipset ကိုLas Vegas တွင်ကျင်းပမည့် CES ပြပွဲကြီးတွင်ပြသ သွားမည် ဟုသိရသည်။ Exynos 5 Chipset သည် core (၈)လုံးပါဝင်သော
Eight core processor အမျိုးအစားဖြစ်ပြီးကမ္ဘာအမြန်ဆုံးမိုဘိုင်း Chipset တစ်ခုဖြစ်သည်။ မြန်နှုန်းမြင့်Chipset တစ်ခုဖြစ်တာကြောင့် Quad-core Processor ကိုအသုံးပြုတာထက်ပိုမိုသာလွန်တဲ့ စွမ်းဆောင်ရည်တွေဖြစ်တဲ့ HD Game နှစ်ခုကို တစ်ပြိုင်တည်းဆော့နိုင်ခြင်း ၊ HD Video များစွာကိုတစ်ပြိုင်တည်းဖွင့်ကြည့်နိုင်ခြင်း စတဲ့ စွမ်းဆောင်ရည်တွေကိုလုပ်ဆောင်ပေးမယ့် Mobile ပရိသတ်အတွက် မက်လောက်စရာဖြစ်သည်။အဆိုပါ Exynos 5 Chipset သည် ARM ရဲ့ Cortex A15 တည်ဆောက်ပုံကိုအခြေခံ၍ထုတ်လုပ်ထားခြင်းဖြစ်သည်။ ထို့ ကြောင့်  Power နိမ့် ပြီး Performance မြင့် တဲ့  Chipset တစ်မျိုးဖြစ်ကြောင်းသိရပါသည်။

No comments:
Post a Comment