ပြီးခဲ့ တဲ့ မတ်လ၁၅ ရက်နေ့ ကပြုလုပ်ခဲ့ တဲ့ Samsung Galxy S IV ပြပွဲ ကို Newyork မြို့ time square မှာ ပြုလုပ်ခဲ့ ပါတယ်။ အာရှအသိုင်းအ၀ိုင်းက ကိုရီးယားအခြေစိုက် Samsung ကုမ္မဏီဟာ အမေရိကန် နိုင်ငံ ရဲ့ မိုဘိုင်းလ် ဈေးကွက် ကို အရယူဖို့ S IV ရဲ့ ပြပွဲ ကို အမေရိကန်နိုင်ငံမှာပြုလုပ်ခဲ့ တာပါ။
အရင် S III ကို လန်ဒန်မှာ ပြသခဲ့ တာကြောင့် အခုလို S IV ကို အမေရိကန်မှာ ပြသရတာဖြစ်တယ်လို့ လည်း Samsung မိုဘိုင်းလ်ဌာနရဲ့ ဥက္ကဌ JK Shin က သတင်းမီဒီယာတွေကိုပြောခဲ့ ပါတယ်။အခု SIV ပြပွဲ ကို အချိန်အတော်ကြာ ကြာ ယူပြီးပြင်ဆင်ခဲ့ တဲ့ Samsung ရဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ S IV ပြ့ပွဲ မှာ တော့ Samsung ဟာ ဥရောပ ကုမ္မဏီကြီးတစ်ခုလို ပရိသတ်ကို Presentation ကောင်းကောင်း နဲ့ တင်ဆက် ခဲ့ ပါတယ်။ ပွဲရဲ့ စတင်ပုံက တော့ ပြပွဲမတိုင်ခင် ထွက်ရှိခဲ့ တဲ့  Samsung ရဲ့ Secret Manager ဂျယ်မီ ရဲ့ ကြော်ငြာက စခဲ့ တာပါ။ ဂျယ်မီဟာ S IV ပြ့ပွဲ နေ့ မှာ အိပ်ယာကထ ၊ ပွဲကို သွားဖို့ပြင်ဆင်စတာတွေကို ပြသခဲ့ ပြီး ပွဲကို ရောက်လို့ တခါးဖွင့် ကာနီးမှာ ဖန်သားပြင်ပေါ်ကပြသမူကို အဆုံးသတ်ခဲ့ ပါတယ်။ အဲဒီ နောက်မှာ Samsung ရဲ့ မိုဘိုင်းလ်ဌာနရဲ့ ဥက္ကဌ JK Shin ကို Secret Manager ဂျယ်မီက S IV ထည့်ထာတဲ့ သေတ္တာကို ပေးပြီး S IV ကို ပရိသတ်ရှေ့ မှောက်ပြသခဲ့ ပါတယ်။ ပြပွဲမှာတော့S IV ရဲ့ အဓိက အားသာချက်တွေဖြစ်တဲ့  Camera အကြောင်းကို အခြေပြုစတင် ပြီး ပြဇာတ်ဆန်ဆန် သရုပ်ဖော်ပြသခဲ့ ပါတယ်။ ဒီလို ပြသချက်တွေကြောင့် ကြည့် ရူရတဲ့ ပရိသတ် မှာလည်း စိတ်ဝင် စားမူ အပြည့် နဲ့ ကြည့် နေရမှာ ပါ။ S IV ပြပွဲရဲ့ အစအဆုံး Live Show မှတ် တမ်း ကို အောက်မှာClick နှိပ်ပြီး ကြည့် ရူနိုင်ပါတယ်။
Samsung Galaxy S IV Product Launch အား ကြည့်ရူရန်
သျှမ်းထက် (DL Tech Club)

No comments:
Post a Comment