မျက်နှာပြင်
၅.၅ လက်မ နဲ့ ဖုန်းဆိုလို့ ဈေးကွက်ထဲ မှာရောင်းအားအကောင်းဆုံးက Samsung ရဲ့ Note IIပါ။ သူ့ ထက်သူလူစွမ်းကောင်း ဖြစ်နေကြတဲ
့Mobile လောကကြီးထဲ မှာ Note II ကိုအလဲထိုးဖို့ LG ရဲ မျက်နှာ ပြင် ၅.၅လက်မရှိပြီး HD ထောက်ပံ့ပေးတဲ့ 
Optimus G pro ဖြစ်ပါတယ်။
LG ဟာ Optimus G pro ကို ပထမ ဦးဆုံး သူ့ ရဲ့ ကိုယ်ပိုင်ဈေးကွက် ဖြစ်တဲ့ တောင်ကိုးဒီးယား နိုင်ငံမှာ ပြီးခဲ့ တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မှာ ထွက် ရှိ ခဲ့ ပါတယ်။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း မှာ HTC ၊ Sony နဲ့ အခြား Mobile ကုမ္မဏီ တွေကပါ Quad Core processor နဲ့ ဖုန်းတွေကို ထုတ်လုပ်လာကြပါတယ်။ဒါ့အပြင် မျက်နှာ ပြင်ရုပ်ထွက်ပိုင်းတွေကိုပါ သိသိသာသာ ပြောင်းလဲထုတ်လုပ်လာတော့ ၂၀၁၂ ခုနှစ် အစောပိုင်း ကဖုန်းတွေလို စွမ်းဆောင်ရည်ကိုဦးစားမပေးတော့ ပဲ အရည်အသွေးပိုင်းကို ဦးစားပေးလာတာတွေ့ ရပါတယ်။ LG Optimus G pro ဟာ မျက်နှာပြင် ၅.၅ လက်မ ကျယ်ဝန်းပြီး resolution 1080x1920 pixel ရှိတဲ့ အငြ် မျက်နှာပြင်သိပ်သည်းဆ 401 ppi ရှိပါတယ်။ မျက် နှာပြင်အရည်အသွေးက Note II ထက်ကောင်းမွန်တဲ့ အပြင် ဘက်ထရီကလည်း 3140 mAh ရှိတာကြောင့်  3100 ppi ရှိတဲ့  Note II ထက် မဆိုစလောက်ကလေးဖြစ်ဖြစ်သာပါတယ်။ ကျန် တဲ့ အစိတ်အပိုင်းတွေက တော့ တခြား Quad Core ဖုန်းတွေနဲ့ ထူးမခြားနားပါပဲ။ Optimus G pro ကို LG ဟာ ကိုးဒီးယားဈေးကွက် မှာ နိုင်ငံတကာအသုံးပြုနိုင်တဲ့ Version ကို ဒေါ်လာ ၈၉၄ (၀မ် ၉၆၈,၀၀၀) နဲ့ စတင်ရောင်းချပေးနေတယ် လို့ သိရပါတယ်။LG ဟာ Optimus G pro အတွက်အဓိကရည်ရွယ်ချက်ကတော့ Optimus မျိုးဆက် ဖုန်းတွေ ရဲ့ အရေည်အသွေးကိုမိတ်ဆက်လိုတာက တစ်ကြောင်း ၊ ကမ္ဘာ အသိအမှတ်ပြု IDC အဖွဲ့ ရဲ့ စစ်တမ်းအရ နှစ်စဉ်နှစိတိုင်း အရှုံးပေါ်နေတဲ့ LG Electronic Inc. ရဲ့ Mobile ဌာန ခွဲ အတွက်ပါ ကောင်းကျိုးရလဒ်တွေမျှော် လင့်ထားတယ် လို့ Optimus G pro မိတ်ဆက်ပွဲမှာ LG ရဲ့ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ ပါတယ်။

သျှမ်းထက် (DL Tech Club)

No comments:
Post a Comment