Tuesday, January 8, 2013

အမေရိကန်သမ္မတကြီး Barack Obama ရဲ့ စီးတော်ယာဉ် Cadillac The Beast

မကြာသေးခင်ကမှမြန်မာနိုင်ငံကိုသံတမန်ရေးရာ လာရောက်လည်ပတ်သွားတဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ ကြီးBarack Obama စီးလာတဲ့ Cadillac The Beast ကားအမျိုးအစား ဟာ ဇိမ်ခံ ကားလည်းမဟုတ် ၊ ပြိုင်ကားလည်းမကျတဲ့ ကားတစ်စီးဖြစ်ပါတယ်။ သမ္မတရဲ့ လုံခြုံ ရေးအတွက် အထူးသီးသန့် ထုတ်လုပ်ပေး ထားတဲ့ Tank အမျိုးအစားကားလည်းဖြစ်ပါတယ်။ အင်ဂျင်ပါဝါ 6.5 L (6500 CC) Diesel အင်ဂျင်ကို အသုံးပြု ထားပါတယ်။ ကားရဲ့ အမြင့် ဟာ၅ပေနှင့် ၁၀လက်မ ရှိပြီး ကားရဲ့ အရှည်ကတော့ ၁၈ပေ ရှည်လျားပါတယ်။
အမြင့်ဆုံး အမြန်နှုန်း အနေနဲ့ စထွက်ချိန် ၁၅စက္ကန့် အတွင်းမှာ ၆၀MPH အထိ အသုံးပြုမောင်းထွက်နိုင်ပါတယ်။ ဒီဇယ်၁ဂါလံကို ၈မိုင်အထိမောင်းနှင်နိုင်တဲ့ အင်ဂျင်မျိုးလဲ ဖြစ်ပါတယ်။ဈေးနှုန်းကတော့ စတာလင်ပေါင်၆သိန်းခန့် ရှိပြီး အမေရိကန်လွှတ်တော် အဖွဲ့ ဝင်များ သာဝယ် ယူနိုင်တဲ့ Limited Edition ကားဖြစ်ပါတယ်။ ကားရဲ့ Body အသားကိုလည်းBoeing 757 ဂျက်လေ ယာဉ်ကိုယ်ထည်အသားနဲ့ ပြုလုပ်ပေးထားပြီး၈လက်မအထူရှိပါတယ်။ကားရှေ့ခန်းနှင့် နောက်ခန်းကို သာမကအနောက်ခန်း တွင်စီးနင်းလိုက်ပါနိုင် တဲ့  သမ္မတဘေး မှဧည့် သည် နှင့် ပါ ကျည်ကာမှန်များနှင့် သမ္မတ တစ်ဦးထဲမှ ထိန်းချုပ်၍ကာထားနိုင်ပါတယ်။အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင်ပြန်လည်ခုခံနိုင်ဖို့ Shotgun တစ်လက်နှင့် သမ္မတအသက်အန္တရာယ်အတွက် အသက် ကယ်သွေးသွင်းဖို့ သမ္မတရဲ့ သွေးအမျိုးအစားနှင့် သွေးပုလင်းတစ်ပုလင်း လည်းပါဝင်ပါတယ်။ကားမောင်းသူနေရာတွင်လည်း CIA မှAgent တစ်ယောက်ကမောင်းနှင်ပေးရမှာဖြစ်ပြီးSkillအနေနဲ့ ကားမောင်းအထူးကျွမ်းကျင်သူ လည်းဖြစ်ရပါမယ်။ ကားရဲ့ အရှေ့အောက်ဘက်တွင် ညကြည့်  ကင်မရာ တစ်လုံးပါဝင်ပြီး နောက်ပိုင်း မှာရှိနေတဲ့ ဆီတိုင်ကီဟာသေနတ်ဖြင့် တိုက်ရိုက်ပစ်ခတ်ရုံနဲ့ တောင်မပေါက်ကွဲ နိုင်တဲ့ နည်း ပညာတွေနဲ့ ပြုလုပ်ထားပါတယ်။ တာယာကိုလည်း ကွဲသွားရုံနဲ့ နောက်ဆုံးသုံးနာရီ အ ထိမောင်းနှင်နိုင်အောင်လေထိုးပေးတဲ့ စနစ်တွေပါဝင်တာကြောင့် အမေရိကန်သမ္မတကြီးBarack Obama ရဲ့ အသက် အန္တရာယ်ကို အထူးကာကွယ်ပေး မယ့် ကားတစ်စီးလည်းဖြစ်ပါတယ်။

Shan Htet
(DL Tech Club)

No comments:

Post a Comment