Tuesday, January 8, 2013

Samsung Galaxy Ace ကို Official Rom 2.3.6 (Ginger Bread) တင်ခြင်း

အဆင့်(1)

Odin ကိုပေးထားတဲ့ လင့်အတိုင်း download ဆွဲပါ။ ပြီးရင် download ဆွဲထားတဲ့ Odin ကို run ပေးထားပါ။

အဆင့်(2)

ပေးထားတဲ့ လင့်အတိုင်း Samsung Galaxy Ace ရဲ့ Official rom ကို download ဆွဲပါ။



အဆင့်(3)

download ဆွဲတဲ့ romရဲ့ rar file ကို extract here လုပ်ပေးထားပါ။

အဆင့်(4)

download ဆွဲတဲ့ ကိစ္စတွေ အားလုံးပြီးသွားပြီဆိုရင် ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပါဝါပိတ်ပြီးသွားတာနဲ့ power+Home+Volumn down button တွေကိုတွဲပြီ်းနှိပ်ပေးထားပါ။ ဖုန်းပေါ်မှာ“ Downloading..’’
ဆိုပြီး စာတန်းအ၀ါရောင်လေးနဲ့ ပေါ်လာပါလိမ့်မယ်။

အဆင့်(5)

downloading mode ကိုပြောင်းပြီးပြီဆိုရင် ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။ ချိတ်ဆက်ပြီးတာနဲ့ အဆင့်(1) မှာ run ခိုင်းထားတဲ့ Odin ကိုပြန်ကြည့်လိုက်ပါ။Odin ရဲ့ ပထမဦးဆုံးအကွက်မှာ အ၀ါရောင် စာတန်းလေးတစ်ခုပေါ်နေပါလိမ့်မယ်။

အဆင့်(6)

ကွန်ပျူတာနဲ့လည်းချိတ်ပြီးပြီ။ အ၀ါရောင်စာတန်း လည်းပေါ်နေပြီဆိုရင်တော့ Odin မှာရှိနေတဲ့ OPS ဆိုတဲ့နေရာကို click နှိပ်ပေးလိုက်ပါ။ ဖိုင်ရွေးခိုင်းပါလိမ့်မယ်။ ဖိုင်ကိုအဆင့်(3) မှာ extract လုပ်ထားတဲ့ official rom ရဲ့ file တွေထဲက OPS ဖိုင်ကိုရွေးပေးလိုက်ပါ။

အဆင့်(7)

OPS file ကိုရွေးပြီးပြီးဆိုရင် ဘယ်ဘက်ထောင့်စွန်းမှာရှိတဲ့ “One Package” ဆိုတဲ့နေရာကိုအမှန်ခြစ်လေးပေးလိုက်ပါ။

အဆင့်(8)

အောက်ဆုံးမှာရှိတဲ့ One Package ဆိုတဲ့နေရာကို Click နှိပ်ပါ။ ဖိုင်ရွေးခိုင်းပါလိမ့်မယ်။ဖိုင်ကိုအဆင့် (3) မှာ extract လုပ်ထားတဲ့ official rom ရဲ့ file တွေထဲက MD 5 ဖိုင်ကိုရွေးပေးလိုက်ပါ။ အားလုံးရွေးပြီးသွားပြီဆိုရင်တော့ Start ခလုတ်ကို နှိပ်လိုက်ရုံပါပဲ။ သူ့ဘာသာသူ 2.3.6 rom ကိုတင်သွားပါလိမ့်မယ်။ Odin ရဲ့ အ၀ါရောင်လေးပေါ်နေတဲ့နေရာအောက်မှာ ရှိတဲ့ အစိမ်းရောင်အတန်းလေးပြည့်ပြီး အ၀ါရောင်စာတန်းလေးရဲ့ အပေါ်မှာ “PASS” ဆိုတဲ့ စာတန်းလေးပေါ်လာပြီဆိုရင်တော့ romတင်တာ ပြီးသွားပါပြီ။


မှတ်ချက်။ ။ Rom တင်မယ့်ကွန်ပျူတာပေါ်မှာ Samsung Galaxy Ace GT- S5830 ရဲ့ Driver တွေအားလုံးကိုတင်ထားရမှ Rom တင်လို့်ရမှာဖြစ်ပါတယ်။¬¬¬

Odin Download link --- https://www.dropbox.com/s/7ic07ofd1y045cd/Odin_Multi_Downloader_v4.42.exe


Official Rom Download link ---- https://www.dropbox.com/s/7da1vov3sv5u03x/S5830DXKT5_S5830OLBKT3_S5830DXKT4_HOME.rar?m


Shan Htet (DL Tech Club)

No comments:

Post a Comment