Tuesday, January 8, 2013

Windows 8 OS နဲ့ ထွက်ရှိလာမယ့် Samsung ATIV Odyssey I930…….

Samsung ATIV Odyssey I930
Android OS သုံးဖုန်းတွေကိုထုတ်လုပ်ပြီး ဥရောပ ရော အာရှမှာ ပါ ဈေးကွက်ရယူလာတဲ့ Samsung ကုမ္မဏီဟာသူ့ ရဲ့ Windows 8 OS အ သုံးပြုထားတဲ့  ATIV Odyssey အမျိုးအစားဖုန်းကို အမေ ရိကန်နိုင် ငံရဲ့  ဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ Verison ကုမ္မဏီနဲ့  ပူးပေါင်းပြီး ထုတ်လုပ် မှာဖြစ်ပါတယ်။ အခုအချိန်ထိတော့ Prototype အဆင့်သာပြသပေး ထားပြီးဖုန်းရဲ့ အရွယ်အစားနဲ့  Specification က တော့ လိုချင် စဖွယ်ရှိပါတယ်။မြန်ဆန်ပြီး Performance ကောင်းကောင်းပေးနိုင် မယ့်1.5GHz dualcore Snapdragon S4 processor ကိုအသုံးပြုပေး ထားပြီး RAM 1 GB နဲ့ ထောက်ပံပေးထားပါတယ်။
Display အမျိုးအစားကို Super AMOLED Capacitive Touchscreen အသုံးပြုပေးထားပြီး အကျယ် အ၀န်းအနေနဲ့  ၄ လက်မ ရှိနေပေမယ့် Resolution က တော့480 x 800 နဲ့ ထောက်ပံပေးထားတဲ့ အတွက်Video ကို 1080p HD Format Video တွေကို ပါ ကြည့် ရူနိုင်မှာဖြစ်ပါတယ်။ဓါတ်ပုံရိုက်ရတာဝါသနာကြီး တဲ့ သူတွေ အတွက်ကတော့ အဆင်ပြေစေမယ့် 5MP ရှိတဲ့ အနောက် ကင်မရာ တစ်လုံးကိုတပ် ဆင်ပေးထားပြီး Auto focus ၊ LED Flash စတဲ့ Function တွေ ကိုပါတခြား ဖုန်းတွေနဲ့ ယှဉ်ရင်မျက်နှာမငယ်ရအောင် ထည့် သွင်းပေးထားပါတယ်။Video Chat တွေမှာလဲ အမြင်တင့်တယ်စေ ဖို့ Front-Facing ကင်မရာကို 1.2 MP ထည့် သွင်းပေးထားပါတယ်။4 G LTE စနစ် ကိုထည့် သွင်းပေး ထားတဲ့ အ တွက်ခေတ်နဲ့ တ ပြေးညီ အသုံးပြုနိုင် တဲ့ ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ Sensors တွေအဖြစ် Accelerometer ၊ Gyro ၊ Proximity ၊Compass စတာတွေကိုထည့် သွင်းပေးထားပါတယ်။ Storage အတွက်ကတော့ မူလ သိုလှောင် နှုန်း 8 GB အထိထောက်ပံပေး ထားပြီးSD Card Slot အတွက် 64 GBအထိထပ်စိုက်ပြီးအသုံးပြုနိုင်ပါတယ်။

Shan Htet (DL Tech Club)

No comments:

Post a Comment