Samsung က Galaxy စီးရီးမှာအတော်နာမည်ရထားတော့  HTC အနေနဲ့ ကလည်း
မြန်နှုန်းမြင့် အလန်းစား ဖုန်းတွေတော်တော်များများထက်ထုတ်လာရပါတယ်။Galaxy Note 2 ဟာ ကမ္ဘာ
ကျော် T3 မဂ္ဂဇင်းရဲ့ အကောင်းဆုံးဆုရထားတာနဲ့ လျှော်ညီစွာပဲဈေးနှုန်းသက်သာပြီးရောင်းအားကောင်း
မွန်နေပါတယ်။ အခုလအစပိုင်းလောက်ကထုတ်လုပ်ထားတဲ့  HTC Butterfly ကလည်းခေသူတော့မ ဟုတ်ပါဘူး။ လောလောဆယ်မှာဂျပန်နဲ့ မြန်မာနိုင်ငံ မှာစရောင်းပြီးInternational ဈေးကွက် ကိုမရောင်း ချပေးသေးတဲ့ အတွက် butterflyရဲ့ ရောင်းအားကိုမသိရသေးပါဘူး။ဈေးနှုန်းအနေနဲ့ ကတော့ Butterfly
က ၅သိန်း ၉သောင်းလောက်ရှိ ပြီး Note 2 ကတော့  ၅ သိန်းဝန်းကျင်မှာဈေးကစားနေပါတယ်။ ဈေးနှုန်း
အရဆိုရင်တော့ ၅ သိန်းကျော် ချင်းတူနေတဲ့ နောက်ဆုံးပေါ်ဖုန်းနှစ်လုံးဖြစ်ပေမယ့်Screen ပို ကြီးတဲ့ 
Note 2 ကိုပဲပြည်တွင်းရွေးဝယ်ကြပါတယ်။ ဒါပေမယ့်အတွင်းပါဝင်မူအသေးစိတ်ဖော်ပြချက် (Spec show down) အရဆိုရင်ဘယ်ဖုန်းကိုဝယ်ကိုင်သင့်တယ်ဆိုတာကတော့ နှိုင်းယှဉ်ကြည့် မှသိနိုင်မှာပါ။
Processor
Note 2 ရဲ့ Processor ဟာ 1.6 GHz Exynos quad-core processor ကိုအသုံးပြုပေး ထားတာကြောင့် 
Task အများဆုံးအလုပ်လုပ်နိုင်တဲ့ ဖုန်းတစ်လုံးဖြစ်သလို Butterfly ကလည်း အားကျမခံ Quad Core processor တစ်မျိုးဖြစ်တဲ့ 1.5GHz APQ8064 Snapdragon S4 Pro quad-core processor ကိုအသုံး
ပြုပေးထားပါတယ်။ Processor အမြန်နှုန်းချင်းယှဉ်မယ်ဆိုရင်တော့  အသုံးပြုသူတွေ Run ထားတဲ့ 
task တွေပေးမှာပဲမူတည်မှာပါ။Processor နှစ်လုံးစလုံးရဲ့ အရည်အသွေးဟာတူညီနေပါတယ်။
RAM
Note 2 ရော Butterfly ပါ RAM memory တွေက 2GB တွေအထိထောက်ပံပေးထားပါတယ်။ 2GB ဆို တဲ့  RAM ပမာဏဟာ Quad Core အဆင့် ရှိ Processor တွေကို ကောင်းကောင်းထောက်ပံပေးနိုင် ပါတယ်။
မျက်နှာပြင် နှင့်  Resolution ပမာဏ
Note 2 ဟာ သူ့ ရဲ့ မျက်နှာပြင် ၅ဒဿမ ၅ အကျယ်အ၀န်း ကို Samsung ရဲ့ Display နည်းပညာဖြစ်တဲ့
Super HD AMOLED ကိုအသုံးပြုထားပြီး Butterfly ကတော့  မျက်နှာပြင် ၅လက်မသာကျယ်ဝန်းပေမယ့်
Super LCD 3 1080p နည်းပညာသုံး Display ကိုအသုံးပြုထားပါတယ်။ Resolution ကတော့  Note 2 ပေါ်မှာ 720 x 1280 pixels 267 PPI resolution အထိသာ မြင်တွေ့ နိုင်ပေမယ့် 
Butterfly ပေါ်မှာတော့ အံမခန်း လောက်တဲ့ မော်နီတာResolution 1080 x 1920 pixels အထိမြင်တွေ့ 
နိုင်မယ့်အပြင် Pixel သိပ်သည်းဆ 441 PPI အထိ ကြည့် ရှုနိုင်ပါတယ်။ Resolution ကတော့ Note 2 နဲ့ 
Butterfly ဟာတော်တော်ကွာဟနေပါတယ်။
GPU
Note 2 ဟာ GPU ကို Galaxy S IIIမှာအသုံးပြုထားတဲ့  Mali 400 ကိုသာပြန်လည်းအသုံးပြုထားပြီး Butterfly ကလည်း S III ရဲ့ ပြိုင်ဘက်ဖြစ်တဲ့  One X မှာ အသုံးပြုထားတဲ့  Andreno 320 ကိုပြန်လည်အသုံးပြုထားတာတွေ့ ရပါတယ်။သို့ သော်Mali 400 ထက် Resolution 1080 X 1920 pixel ကိုထောက် ပံပေးနေတဲ့  Andreno 320 ရဲ့ အရည်အသွေးကတော့ အံသြစရာပါ။
ကင်မရာ နှင့်  Storage ပမာဏ
Butterfly ရော Note 2 မှာ ပါ အနောက် ကင်မရာ 8 Megapixel ဆီ ကိုယ်စီကိုယ်ငှအသုံးပြုထား ကြသော်လည်း Front Facing လို့ ခေါ်တဲ့  အရှေ့ ကင်မရာ ကို Note 2 က 1.9 Megapixel သာအသုံး
ပြုပေးထားပေမယ့်  Butterfly မှာကတော့ Social Network အသုံးပြုသူတွေအဆင်ပြေအောင်2.1
Megapixel အထိထောက်ပံပေးထားတဲ့ အပြင်1080p အထိHD ဓါတ်ပုံတွေရိုက်ကူးနိုင်ပါတယ်။Storage
ပမာဏကတော့ Internal Storage ကို Note 2 က 16 GB ၊ 32 GB ၊ 64 GB ဆိုပြီးသုံးမျိုးထုတ်လုပ်ပေး
ထားတဲ့ ပြီးSD Card 64 GB အထိအသုံးပြုနိုင်တာကိုပါတွေ့ ရပါတယ်။Butterfly မှာ Internal
Storage 16 GB တစ်မျိုးတည်းသာထုတ်လုပ်ထားပြီးSD Card ကိုလည်း 32 GB အထိ ပဲထပ်စိုက်နိုင်
တာကြောင့်  Storage အပိုင်းမှာNote 2 လောက် ရွေးချယ်ခွင့် မများပါဘူး။
အသွင်အပြင် နှင့် ဘတ်ထရီ
အသွင်အပြင်အနေနဲ့ ကတော့ Note 2 ဟာ Samsung ရဲ့ ကိုယ်ပိုင် UI (အသွင်အပြင်)ဖြစ်တဲ့ TouchWiz ကို Google ရဲ့ Android 4.1 (jelly Bean)ပေါ်မှာအုပ်ပေးပြီးထုတ်လုပ်ပေးထားပါတယ်။ Butterfly ကတော့ HTC ရဲ့ ကိုယ်ပိုင်UI တစ်ခုဖြစ်တဲ့ Sense 4+ ဟာ Jelly bean ကိုဝါးမြိုထားပါတယ်။အသုံး
ပြုသူအမြင်အရဆိုရင်တော့ HTC Sense ဟာသိပ်အဆင်မပြေနိုင်တဲ့ အပြင် HTC ဖုန်းတွေဟာ Security
ကောင်းတာကြောင့် Root ဖောက်ရခက်တဲ့ ဖုန်းဖြစ်ပြီး Note 2 ရဲ့ TouchWiz ဟာ Jelly Bean Version ရောက် တဲ့ အချိန်မှာ အတော်ကိုလှပနေတဲ့ အပြင် ဖုန်းContact ထဲကဘယ်ညာပွတ်ဆွဲ
ပေးရုံနဲ့ ဖုန်းခေါ်ဆို ၊ Masssageပို့ ပြုလုပ်နိုင်တာကြောင့် User Friendly ဖြစ်တဲ့ UI ကိုပိုင်ဆိုင်ထားပါ တယ်။ ဘတ်ထရီသက်တမ်းအရဆိုရင်တော့ Butterfly ဟာ Note 2 ကိုအပြတ်အသက်ရှုံနိမ့် နေပါတယ်။
Butterfly ဟာ 2020 mAh သာရှိပြီး Note 2 ကတော့  3100 mAh ရှိတာကြောင့် အားသွင်းကြိုးမလိုဘဲ
ခရီဝေးယူဆောင်သွားနိုင်ပါတယ်။ သို့ သော် Note 2 ဟာ ဘတ်ထရီ mAh ပိုများတာကြောင့် Buterfly ထက်တော့အလေးချိန်နည်းနည်းပိုစေးပါတယ်။
Butterfly နဲ့ Note 2 မှာတခြားကွာဟမူဆိုရင်တော့ ရေစိုခံနိုင်ခြင်း(Water Proof)ပဲ ဖြစ်ပါတယ်။ Butterfly မှာ Water Proof ပါဝင်ပြီးNote 2 မှာတော့ Water proof မပါဝင်ပါဘူး။ ဒါ့အပြင် Bluetooth ၊
Wifi ၊ NFC စတာတွေက ထူးမခြားနား ပါဝင် နေတာကြောင့် Butterfly နဲ့ Note 2 ၀ယ်ရ မခက် ခဲအောင်အားနည်းချက် ၊ အားသာချ က်တို့ ကို နှိုင်းယှဉ် တင်ပြပေးခြင်းဖြစ်ပါတယ်။
သျှမ်းထက်( DL Tech Club)

No comments:
Post a Comment