Monday, January 28, 2013

တန်ဖိုးနည်း Sim Cards များအစီအစဉ် ဆိုင်းငံရခြင်းအကြောင်းအရင်း



၂၀၁၃ခုနှစ်အတွင်းမြန်မာ့ ဆက်သွယ်ရေးမှရောင်းချပေးသွားမည့် တန်ဖိုးနည်းမိုဘိုင်းလ်Sim Cards အစီအစဉ်ဆိုင်းငံထားရခြင်းမှာမြန်မာဆက်သွယ်ရေးအနေဖြင့်မိုဘိုင်းလ်ဖုန်းကွန်ရက်များကိုတည်ငြိမ်ရန်ဦး
စားပေးဆောင်ရွက်နေရခြင်းကြောင့်ဖြစ်သည်ဟုသိရသည်။
အဆိုပါ တန်ဖိုးနည်းSim Cards များကို မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းနှင့်ရတနာပုံယ်လီပို့ တို့ အပြင် အခြားပုဂ္ဂလိက ကုမ္မဏီများမှတဖိုးအဆမတန်    လျှော့ ချပြီးရောင်းချပေးသွားရန်စီစဉ်လျက်ရှိသော်လည်းဆက်သွယ်ရေးကွန်ရက်စနစ်အားဦးစားပေးဆောင်
   ရွက် နေရသောကြောင့် နှောင့်နှေးနေရခြင်းဖြစ်ကြောင်းသိရသည်။၂၀၀၁၃ခုနှစ်အတွင်းတန်ဖိုးနည်းSim Cards များကိုဝန်ကြီးငှာနမှချမှတ်ပေးထားသောနှုန်းထားများအတိုင်းရောင်းချပေးသွားမည်ဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့်ကြန့် ကြာနေရခြင်းဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှတာဝန်ရှိသူ တစ်ဦး ကပြောကြား ခဲ့ သည်။၂၀၁၃ခုနှစ်အတွင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ2G,3GSim Cardsများကို အရေအတွက်၁ဒဿမ၄သန်းအထိတစ်နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပုဂ္ဂလိကကုန်ကုမ္မဏီ ၁၃ ခု
နှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ရောင်းချပေးသွားမည်ဖြစ်သည်။ထို့ အပြင်မြန်မာနိုင်ငံအတွင်းမိုဘိုင်းလ်ဖုန်း
များယခုထက်ပိုမိုတိုးတက်စေရန်အတွက်ပြည်တွင်း၊ပြည်ပကုမ္မဏီများကိုယှဉ်ပြိုင်လုပ်ကိုင်စေမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲကျော် ( DL Tech Club)

No comments:

Post a Comment