Honda တို့ ရဲ့ ခြေလှမ်းဟာကားလောကထဲမှာ တဖြေးဖြေးခြေလှမ်းစိတ်လာပါတယ်။ Honda ဟာ City
အမျိုး အစား ကားကို ၂၀၁၃မော်ဒယ်မှာ မှာ ပုံစံ လေးမျိုးနဲ့ ထုတ်လုပ်ထားပါတယ်။
1.5 E FL ၊ 1.5 Reclining i-VTEC ၊ 1.5 S FL ၊ 1.5 S i-VTEC ဆိုပြီးလေးမျိုးခွဲထုတ်လုပ်ထားပါတယ်။ လေးမျိုးစလုံးကို
အဓိကအာဖြင့် အင်ဂျင်အမျိုးအစားအလိုက်ခွဲခြားထားတာဖြစ်ပြီး ဈေးနှုန်းတွေကလည်း ကွာပါတယ်။
ဒီလေးမျိုးထဲကမှကောင်းနိုးရာရာဖြစ်တဲ့ 2013 Honda City 1.5 E FL ကို တင်ပြပေးမှာဖြစ်ပါတယ်။ Honda ဟာ အာရှမှာသာမက ဥရောပ ၊ အမေရိကစတဲ့ နိုင်ငံတွေမှာလည်း လူသုံးများတဲ့  ကား Brand
တစ်ခုဖြစ်ပါတယ်။ Honda ရဲ့ ဆွဲဆောင်မူအရှိဆုံးအပိုင်းကတော့ Hybrid ကားတွေကိုထုတ် လုပ်နေခြင်း ဖြစ်ပါတယ်။လောင်စာဆီရှားပါးပြီး ဈေးနှုန်းကြီးမြင့် နေတဲ့ မျက်မှောက်ခေတ်ကြီးမှာ Honda
ရဲ့ Hybrid ကားထုတ်လုပ်မူဟာ ကားဝယ်သူတိုင်းမျက်စိကျလာပါတယ်။2013 Honda City 1.5 E FL က Hybrid အမျိုးအစားမဟုတ်ပါဘူး။ဒါပေမယ့် ဆီစား သက်သာပါတယ်။
အင်ဂျင်စွမ်းအား (Performance)
အင်ဂျင်ပါဝါ 1.5 L (1497 CC ) အသုံးပြုထားပြီး V4 အမျိုးအစားအင်ဂျင်ကိုအသုံးပြုပေးထားပါတယ်။ အမြင့်ဆုံးအမြန်နှုန်း 164 Km/h အထိမောင်းနှင်နိုင်မှာဖြစ်ပြီး ကားစထွက်ချိန်ကနေ ၁၅.၆ စက္ကန့် အတွင်း 100 Km/h အထိမောင်းထွက်နိုင်တဲ အင်ဂျင်ရုန်းအားကိုပိုင်ဆိုင်ထားပါတယ်။ Road test ပြုလုပ်ချက်အရ
တစ်မိုင်ရဲ့ လေးပုံ တစ်ပုံကို ၂၀.၂ စက္ကန့် အတွင်းရောက်အောင်မောင်းနှင်နိုင်တာကိုတွေ့ ရပြီး မြင်းကော င်ရေအား 120 bhp အထိ အသုံးပြုနိုင်ပါတယ်။အင်ဂျင်မ်ာဒယ်ကတော့ Honda ရဲ့ i-DSI မော်ဒယ်ကိုအ သုံးပြုပေးထားပါတယ်။ i-DSI အင်ဂျင်တွေရဲ့ ထူးခြားချက်ကတော့  ဆီစားသက်သာတဲ့ အင်ဂျင်အမျိုး အစားဖြစ်ပါတယ်။rpm 5500 အထိသာအသုံးပြုနိုင်တာကြောင့်  ဆီစားသက်သာ စေပါတယ်။ပြည်တွင်း
ဈေးကွက်အတွက်တော့ အကြိုက်တွေ့ နိုင်မယ့် ကားတစ်စီးဖြစ်ပါတယ်။အော်တို ၅ချက်ဂီယာကိုအ သုံးပြုပေးထားတဲ့ အတွက် အမြဲမောင်းနှင် နေတဲ့ သူတွေရော ၊ အခုမှမောင်းသင်မယ့် သူတွေအတွက်ပါ
အဆင်ပြေ စေပါတယ်။Honda City ဟာ 2WD ရှေ့ ယက်အမျိုးအစားလည်းဖြစ်တဲ့ အတွက် စတိုင် ကျ ကျမြို့ ထဲမှာမောင်းနှင်ဖို့ သင့် တော်ပါတယ်။
အတွင်းပိုင်းအပြင်အဆင် (Interior)
လူငါးယောက်သာသာလေးထိုင်စီးနိုင်တဲ့ အတွင်းခန်းအပြင်အဆင် နဲ့ ဖွဲ့ စည်ပေးထားတဲ့ ကားတစ် စီးဖြစ်တဲ့ အပြင် ညိမ့် ညိမ့် ညောင်းညောင်းလိုက်ပါစီးနင်းနိုင်အောင် ကားရဲ့ အရှေ့ ဘက် နဲ့ အနောက် ပိုင်းတွေကို လေး အသုံးမြ့ပု ထားပဲ ကွိုင်စပရင် ရှော့ ဘားတွေကို အသုံးပြုပေးထားပါ။ Luxury အမျိုအစားဇိမ်ခံကားတစ်စီးဖြစ်တာကြောင့် အလေးချိန်များများနော့အတင်မခံနိုင်ပါဘူး။ ကားရဲ့ အရှေ့ 
ခန်းဟာ အနောက်ခန်းထက်ပိုကျယ်တာကိုတွေ့ ရပြီး အတွင်း ထိုင်ခုံ တွေကို သက်တောင့် သက်သာ ရှိစေမယ့်  ဆိုဖာတွေကိုအသုံးပြုပေးထားပါတယ်။ Honda City ဟာ အတွင်းခန်းအကျယ်အ၀န်းကိုဦး စားပေးထုတ်လုပ်ထားတဲ့ ကားတစ်စီးဖြစ်တာကြောင့်  ဇိမ်ခံကား တစ်စီး အဖြစ်ကောင်းကောင်း အ သုံးတော်ခံမှာပါ။
အပြင်ပိုင်းဒီဇိုင်း (Exterior)
လေခွင်းအားကို အကောင်းမွန်ဆုံး ထိုးခွင်းပေးနိုင်မယ့် Aerodynamic ဒီဇိုင်းနဲ့ ထုတ်လုပ်ပေးထားပြီး
ကားရဲ့ အရှေ့ ပိုင်းကတော့ Insight ၊ Civic တို့ နဲ့ ဆင်တူနေပါတယ်။ ကားရဲ့ ဒီဇိုင်းဟာ လူငယ်တွေ
အကြိုက် ဖြစ်စေမယ့် ပုံစံမျိုးဖြစ်ပါတယ်။ ကားရဲ့ နောက်ပိုင်းပုံစံ ကလည်း လှပသေသပ်တဲ့ ပုံစံနဲ့ 
ပြုလုပ်ထားတာကြောင့် လူအများ ရဲ့ စိတ်ဝင်စားမူ ကို ရယူထားပါတယ်။ နောက်ဖုံးမှာလည်း ခရီး
ဆောင်အိတ်၃ လုံးလောက်အသာလေး ဆံ့ပါတယ်။ ကားရဲ့ နောက်ကြည့် မှန်ကလည်းဒီဇိုင်းဆန်း
စေတဲ့ အပြင် အချက်ပြမီးကိုလည်း နောက်ကြည့် မှန်မှာပဲအသုံးပြုပေးထားပါတယ်။Sedan အမျိုးအစား
ကားတစ်စီးဖြစ်တာကြောင့် ဥရောပဈေးကွက်မှာ လူသုံးများပါတယ်။
လုံခြုံရေး (Safety)
လုံခြုံရေးအတွက် ABS စနစ် ကိုအသုံးပြုပေးထားပြီး ရှေ့ နောက် လေအိပ်ခြောက်လုံးအသုံးပြုပေးထား ပါတယ်။ကားရဲ့ ရှေ့ ဘီးကို Disc ဘရိတ် ကို အသုံး ပြုပေးထားပြီး နောက်ဘီး ကို တော့ Drum ဘရိတ်
အသုံးပြုပေးထားပါတယ်။ ဒါကြောင့် ကားရဲ့ လုံခြုံ ရေးဟာသိသိ သာသာကောင်းကောင်းမွန်တာကို လည်းတွေ့ ရပါတယ်။
ဈေးကွက်သုံးသပ်ချက်
ပြည်တွင်းဈေးကွက်မှာတော့ Honda City အမျိုးအစးကို ပေါပေါ မျာများမတွေ့ ရပါဘူး။ ဒါပေမယ့် ဝယ် သွင်းပြီးစီးကြတာတွေကိုတော့ တွေ့ ရပါတယ်။ စိတ်လှုပ်၇ှားဖို့ ကောင်း တဲ့  ပြည်တွင်းဈေးကွက်ကိုတော့ 
အစမ်းသပ်ခံဖို့  ရောက်မလာသေးပါဘူး။ ခန့် မှန်းဈေးအနေနဲ့ တော့ Update အဖြစ်ဆုံးကားဖြစ် တာကြောင့် အပြီးအစီးသိန်းသုံးရာနဲ့ လေးရာကြားလောက်မှာရှိနိုင်ပါတယ်။
သျှမ်းထက် (DL Tech Club)

No comments:
Post a Comment