Xperia TX ဟာ Sony Xperia စီးရီးထဲမှာ အကောင်းဆုံးစာရင်းဝင် ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒီ ဟန်းဆက်
အတွက် Qualcomm ရဲ့  Snapdragon S4 dual-core processor ကို အမြန်းနှုန်း 1.5 GHz နဲ့ အ သုံးပြုပေးထားပါတယ်။
Android 4.0 (ICS) OS ကို Sony ရဲ့ Time Scaped UI နဲ့ အုပ်ထားပြီး 1 GB ပမာဏ ရှိတဲ့ RAM ပေါ်မှာတင် Run ပေးထားပါတယ်။ OS ကို Xperia TX အတွက် Official 4.1 (Jelly Beans) အထိupdate လုပ်နိုင်ပါတယ်။မျက်နှာပြင် ၄.၅ လက်မ(1280x720) ကျယ်ဝန်းပြီး Sony ရဲ့ TV နည်းပညာဖြစ်တဲ့ Bravia နည်းပညာကိုအသုံးပြုပေးထားတာကြောင့် တောက်ပတဲ့ ရုပ်ထွက် ကိုမြင် တွေ့ နိုင်ပြီး မျက်နှာ ပြင် သိပ်သည်းဆ 323 ppi ထောက်ပံ့ပေးထားပါတယ်။မျက်နှာပြင်သိပ်သည်းဆ
326 ppi ရှိတဲ့ i Phone 5 နဲ့ သိပ်မကွာတဲ့ အပြင် အားသာချက်တစ်ခုကတော့ အစင်းရာ မထင်စေတဲ့ မျက်နှာပြင်အမျိုးအစားလည်းဖြစ်ပါတယ်။အတွင်း Data သိုလှောင်နှုန်း 16 GB ပါဝင်ပြီး Micro SD Card 32 GB အထိထောက်ပံ့ပေးထားပါတယ်။ အရှေ့ ကင်မရာ13 megapixel နဲ့ Front Facing ကင်မရာ1.3 megapixel ပါဝင်ပါတယ်။ ကင်မရာ အတွက်အထောက်အ ပံ့ Featured တွေဖြစ်ကြ တဲ့  Geo-tagging, Touch focus, Face detection, 3D sweep panorama, Image stabilization စ တာတွေပါဝင်ပါတယ်။ ဟန်းဆက်ရဲ့ ကိုယ်ထည် ဟာ ပါးပြီး ပေါ့ နေ အောင် ပလပ်စ တစ်နဲ့ ပြုလုပ်ပေး ထားတဲ့ အတွက်ဖုန်းရဲ့ အလေးချိန်ဟာ 127 kg သာရှိပါတယ်။ ဟန်းဆက်ရဲ့ နောက်ဖုံးကလည်းဘတ်ထရီ အဖြုတ်၊အတပ်မှာ စိတ်မညစ်ရအောင်ပွတ်ဆွဲရုံ နဲ့ ဖယ်ရှားရလွယ်ကူတဲ့ တျောဖုံးကိုအသုံးပြုပေးထားပါ တယ်။Xperia TX ဟာ နာမည်ကျော်ဂျိမ်းစဘွန်းမင်းသားကြီးရဲ့ Sky Fall ရုပ်ရှင်ကားမှာ အသုံးတော် ခံ ထားတဲ့ Xperia T ရဲ့ Extension အဖြစ်ထွက်ရှိလာခြင်းဖြစ်ပါတယ်။ Xperia TX နဲ့  Xperia T ဟာ Specification တူပြီးဒီဇိုင်း အနည်းငယ်တူသလိုလိုရှိပေမယ့်  သိသိသာသာကွာခြားတာကတော့ Xperia TX ဟာ ဘတ်ထရီဖြတ်လဲနိုင်ပါတယ်။ဒါ့အပြင် Xperia T ထက် အလေးချိန်ပိုပေါ့  ပြီး Xperia T မှာ power ခလုတ်ကို ညာဘက်အလယ်မှာအသုံးပြုထားသော်လည်း Xperia TX မှာတော့  ဘယ်ဘက်ထောင့် မှာ အ သုံးပြု ပေးထားတာ ကိုတွေ့ ရပါတယ်။ ကြည်လင်တောက်ပတဲ့ Sony TV တွေရဲ့ ရုပ်ထွက် အတိုင်းမြင်တွေ့  ရ မယ့်  Bravia နည်းပညာကိုအသုံးပြုထားတဲ့ Sony Xperia TX ကိုဝယ်ချင်တယ်ဆိုရင်တော့ ဈေးနှုန်း သုံး သိန်း ရှစ်သောင်း ငါးထောင် နဲ့ တစ်နှစ်အာမခံအပြင် ပန်း ဆိုး တန်းလမ်း အထက် နဲ့  ဆိပ်ကမ်း သာလမ်း အလယ် ဘလောက် တို့ မှာရှိတဲ့  Unique IT, Mobile and Electronic Center မှာ တစ်သက်တာ လက်ခမဲ့ ပြင်ဆင်ခွင့် နဲ့ ရောင်းချပေးနေ ပါတယ်။ဖုန်းနဲ့ စုံစမ်း ချင် ရင်တော့ ဖုန်းနံပါတ် (09) 73171212 ကို ဆက်သွယ်နိုင်ပါတယ်။
သျှမ်းထက် (DL Tech Club)

No comments:
Post a Comment